YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 2

2
ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​သော​ဘု​ရင်
1လူ​မျိုး​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ခတ် ပြု​ကြ​သ​နည်း။ လူ​စု​တို့​သည် အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြံ​စည်​ကြ​သ​နည်း။ 2လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို​ရန်​ဘက်​ပြု​လျက်၊#တ၊ ၄:၂၅-၂၆။ 3သူ​တို့​ချည်​နှောင်​ခြင်း​ကို ဖြေ​ကြ​ကုန်​အံ့။ ချည်​နှောင်​သော​ကြိုး​တို့​ကို ဖယ်​ကြ​ကုန်​အံ့​ဟု သင်း​ဖွဲ့​ကြ၏။
4ကောင်း​ကင်​ဘုံ၌ ထိုင်​တော်​မူ​သော​သူ​သည် ပြုံး​ရယ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​ကဲ့​ရဲ့​တော်​မူ၏။ 5ထို​အ​ခါ အ​မျက်​တော်​ထွက်၍၊ သူ​တို့​ကို​မိန့်​တော်​မူ​မည်။ ပြင်း​စွာ​သော အ​မျက်​တော်​နှင့် သူ​တို့​ကို ပူ​ပန်​စေ​တော်​မူ​မည်။ 6ငါ၏​ရှင်​ဘု​ရင်​ကို သန့်​ရှင်း​သော ဇိ​အုန်​တောင်​တော်​ပေါ်​မှာ၊ ငါ့​ကိုယ်​တိုင် ဘိ​သိက်​ပေး​ပြီ​ဟု မိန့်​တော်​မူ​မည်။
7ဗျာ​ဒိတ်​တော်​အ​ချက်​ကို ငါ​ပြန်​ကြား​ပေ​အံ့။ ထာ​ဝ​ရ​ဘု​ရား​က သင်​သည်​ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ။#တ၊ ၁၃:၃၃၊ ဟေဗြဲ၊ ၁:၅၊ ၅:၅။ 8ငါ့​ကို​တောင်း​လော့။ လူ​အ​မျိုး​မျိုး​တို့​ကို သင်၏​အ​မွေ​ဥ​စ္စာ​ဖို့ ငါ​ပေး​မည်။ မြေ​ကြီး​စွန်း​တိုင်​အောင် ပိုင်​ထိုက်​သော အ​ခွင့်​ကို​လည်း ငါ​ပေး​မည်။ 9သင်​သည်​သူ​တို့​ကို သံ​လှံ​တံ​နှင့်​အုပ်​စိုး၍၊ မြေ​အိုး​ကို ခွဲ​ဖျက်​သ​ကဲ့​သို့ ခွဲ​ဖျက်​လိမ့်​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​ပြီ။#ဗျာ၊ ၂:၂၆-၂၇၊ ၁၂:၅၊ ၁၉:၁၅။
10သို့​ဖြစ်၍ ရှင်​ဘု​ရင်​တို့၊ ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ လော​ကီ​မင်း​တို့၊ ဆုံး​မ​ခြင်း​ကို ခံ​ကြ​လော့။ 11ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။ 12သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။