YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 31:10-31

သုတ္တံ 31:10-31 JBMLE

သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။ သူ၏​ခင်​ပွန်း​သည် သူ့​ကို​ယုံ၍၊ ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​လိမ့်​မည်။ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​အ​ကျိုး​ကို မ​ဖျက်၊ တစ်​သက်​လုံး​ပြု​စု​တတ်၏။ သိုး​မွေး​နှင့် ဝါ​ကို​ရှာ၍၊ မိ​မိ​လက်​နှင့် အ​လို​အ​လျောက်​လုပ်​တတ်၏။ ကုန်​သည် သင်္ဘော​ကဲ့​သို့​ဖြစ်၍၊ စား​စ​ရာ​ကို ဝေး​သော​အ​ရပ်​မှ ဆောင်​ခဲ့​တတ်၏။ မိုး​မ​လင်း​မီ​ထ​လျက်၊ အိမ်​သူ​အိမ်​သား​တို့​အား စား​စ​ရာ​ကို​လည်း​ကောင်း၊ ကျွန်​မ​တို့​အား အ​ငန်း​အ​တာ​ကို​လည်း​ကောင်း၊ ပေး​ဝေ​တတ်၏။ ကောင်း​မွန်​စွာ​ဆင်​ခြင်၍၊ လယ်​ကွက်​ကို ဝယ်​ယူ​တတ်၏။ ကိုယ်​တိုင်​လုပ်၍ ရ​သော​ငွေ​နှင့် စ​ပျစ်​ဥ​ယျာဉ်​ကို ပြု​စု​တတ်၏။ မိ​မိ​ခါး​ကို ခွန်​အား​နှင့်​စည်း၍၊ မိ​မိ​လက်​တို့​ကို သန်​မြန်​စေ​တတ်၏။ မိ​မိ​လုပ်​သော​ဥ​စ္စာ​ကောင်း​သည်​ကို ရိပ်​မိ၍၊ သူ၏​မီး​ခွက်​သည် တစ်​ည​လုံး​မ​သေ​တတ်။ ချည်​ဖြစ်​စေ​တတ်​သော​တန်​ဆာ​တို့​ကို ကိုယ်​လက်​နှင့်​ကိုင်၍ လုပ်​ဆောင်​တတ်၏။ ဆင်း​ရဲ​သော​သူ​တို့​အား လက်​ကို​ဖြန့်၍၊ ငတ်​မွတ်​သော​သူ​တို့​အား လက်​ရုံး​ကို ဆန့်​တတ်၏။ မိုး​ပွင့်​ကျ​သော်​လည်း၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​အ​တွက် မ​စိုး​ရိမ်၊ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် က​တ္တီ​ပါ​နီ​ကို ဝတ်​ကြ၏။ ကိုယ်​အ​ဖို့ စောင်​တို့​ကို​ရက်၍၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ကို ဝတ်​တတ်​၏။ သူ၏​ခင်​ပွန်း​သည်​လည်း မြို့​တံ​ခါး​တို့၌ ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့် ထိုင်၍၊ ထင်​ရှား​သော​သူ​ဖြစ်​ရ၏။ ချော​သော​အ​ထည်​အ​လိပ်​ကို ရက်၍ ရောင်း​တတ်၏။ ခါး​စည်း​တို့​ကို​လည်း ကုန်​သည်၌ ချ​တတ်၏။ သူ​လုပ်​သော အ​ထည်​အ​လိပ်​သည် ခိုင်​ခံ့၍၊ လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ​သ​ဖြင့်၊ သူ​သည် နောင်​ကာ​လ၌ ဝမ်း​မြောက်​လိမ့်​မည်။ ပ​ညာ​စ​ကား​ကို​ပြော​တတ်၍၊ မေ​တ္တာ​တ​ရား​အား​ဖြင့် နှုတ်​မြွက်​တတ်၏။ အိမ်​သူ​အိမ်​သား ပြု​မူ​သ​မျှ​တို့​ကို ကြည့်​ရှု​တတ်၏။ ပျင်း​ရိ​ခြင်း​အ​စာ​ကို မ​စား​တတ်၊ သူ၏​သား​သ​မီး​တို့​သည်​ထ၍၊ အ​မိ​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ သူ၏​ခင်​ပွန်း​က​လည်း၊ လူ​မျိုး​သ​မီး​အ​များ​တို့​သည် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။ သို့​ရာ​တွင်၊ သင်​သည် ထို​သူ​အ​ပေါင်း​တို့​ကို လွန်​ကဲ​ပြီ​ဟု သူ့​ကို ချီး​မွမ်း​တတ်၏။ ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထို​သို့​သော မိန်း​မ​ကျင့်​ရာ​အ​ကျိုး​ကို ပေး​လော့။ သူ​ပြု​သော​အ​မှု​သည် မြို့​တံ​ခါး​တို့၌ သူ၏​အ​သ​ရေ​ကို ထင်​ရှား​စေ​သ​တည်း။ ရှော​လ​မုန်​မင်း​ကြီး​စီ​ရင်​ရေး​ထား​သော သု​တ္တံ​ကျမ်း​ပြီး၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။