YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 1:10-16

သုတ္တံ 1:10-16 JBMLE

ငါ့​သား၊ လူ​ဆိုး​တို့​သည် သင့်​ကို​သွေး​ဆောင်​လျှင် ဝန်​မ​ခံ​နှင့်။ သူ​တို့​က ငါ​တို့​နှင့်​အ​တူ​လိုက်​တော့။ သူ့​အ​သက်​ကို​သတ်​အံ့​သော​ငှာ စောင့်​ကြ​စို့။ အ​ချည်း​နှီး အ​ပြစ်​လွတ်​သော​သူ​တို့​ကို ချောင်း​မြောင်း​ကြ​စို့။ သင်္ချိုင်း​တွင်း​သို့​ဆင်း​သော သူ​တို့​ကဲ့​သို့​တစ်​ကိုယ်​လုံး​ပါ​လျက်၊ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​တို့​ကို မ​ရ​ဏ​နိုင်​ငံ​မျို​သ​ကဲ့​သို့ မျို​ကြ​စို့။ အ​ဖိုး​ထိုက်​သော ဘ​ဏ္ဍာ​အ​မျိုး​မျိုး​ကို​တွေ့၍ လု​ယူ​သော​ဥ​စ္စာ​နှင့် ငါ​တို့​အိမ်​ကို​ပြည့်​စေ​ကြ​မည်။ ငါ​တို့​နှင့် ပေါင်း​ဖော်​တော့။ ရ​သော​ဥ​စ္စာ​ကို အ​ညီ​အ​မျှ​ပိုင်​ကြ​စို့​ဟု ဆို​သော်​လည်း၊ ငါ့​သား၊ သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။ သူ​တို့​သွား​သော​လမ်း​ကို ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ခြေ​သည် ဒု​စ​ရိုက်​ပြု​ရာ​သို့​ပြေး၍၊ လူ​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။