YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:36-45

ရှင်မဿဲ 26:36-45 JBMLE

ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ ငါ​သည် ဟို​အ​ရပ်​သို့ သွား၍ ဆု​တောင်း​စဉ်​တွင် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊- ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား၍၊ နှ​လုံး​မ​သာ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ ယေ​ရှု​က၊ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ ငါ​နှင့်​အ​တူ​စောင့်၍ နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊- ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။- တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်၍ သူ​တို့​သည် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊ သင်​တို့​သည် တစ်​နာ​ရီ​ခန့်​မျှ ငါ​နှင့်​အ​တူ​စောင့်၍​နေ​ခြင်း​ငှာ ဤ​သို့​မ​စွမ်း​နိုင်​သ​လော။- စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား​အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​သွား၍ အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​ကို အ​ကျွန်ုပ်​မ​သောက်​ဘဲ လွန်၍​မ​သွား​ရ​လျှင် ကိုယ်​တော် အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​ပြန်၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ လာ၍ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊- သူ​တို့​ကို​ထား​ခဲ့၍ တစ်​ဖန်​သွား​ပြီး​လျှင် ရှေ့​မြွက်​ဆို​သည်​နည်း​တူ သုံး​ကြိမ်​မြောက်​အောင် ဆု​တောင်း​တော်​မူ၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင် ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။

​ရှင်မဿဲ 26:36-45 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။