YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 2:1-11

ရှင်ယောဟန် 2:1-11 JBMLE

သုံး​ရက်​မြောက်​သော​နေ့၌ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​တွင် မင်္ဂ​လာ​ဆောင်​ပွဲ​ကို​ခံ​ကြ​စဉ်၊ ထို​ပွဲ၌ ယေ​ရှု၏​မယ်​တော်​ရှိ၏။- ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။- စ​ပျစ်​ရည်​ကုန်​သော​အ​ခါ၊ ယေ​ရှု၏​မယ်​တော်​က၊ စ​ပျစ်​ရည်​မ​ရှိ​ဟု​ကြား​ပြော၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​အ​ချိန်​မ​ရောက်​သေး​ဟု မိန့်​တော်​မူ၏။- မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။- ယု​ဒ​ဘာ​သာ​အ​လျောက် စင်​ကြယ်​ခြင်း​အ​ဖို့​အ​လို​ငှာ၊ ထို​အ​ရပ်၌ နှစ်​တင်း​သုံး​တင်း​ခန့်​ဝင်​သော ကျောက်​အိုး​စ​ရည်း​ခြောက်​လုံး ထား​လျက်​ရှိ၏။- ယေ​ရှု​က​လည်း၊ ဤ​ရေ​အိုး​တို့​ကို​ရေ​ဖြည့်​ကြ​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် လျှံ​မ​တတ်​ဖြည့်​ကြ၏။- ယ​ခု​ခပ်၍ ပွဲ​အုပ်​ထံ​သို့​သွင်း​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သွင်း​ကြ၏။- ပွဲ​အုပ်​သည် စ​ပျစ်​ရည်​ဖြစ်​စေ​သော​ရေ​ကို မြည်း​စမ်း၍၊ ထို​ရေ​ကို ခပ်​သော​အ​စေ​ခံ​တို့​သည် စ​ပျစ်​ရည်​ကို အ​ဘယ်​မှာ​ရ​သည်​ကို​သိ​သော်​လည်း၊ ပွဲ​အုပ်​သည် မ​သိ​သော​ကြောင့်၊ မင်္ဂ​လာ​ဆောင်​လု​လင်​အား အ​သံ​ကို​လွှင့်၍၊- အ​ခြား​သော​သူ​မည်​သည်​ကား၊ ရှေ့​ဦး​စွာ ကောင်း​သော​စ​ပျစ်​ရည်​ကို ထည့်၍ ဝ​စွာ​သောက်​ကြ​ပြီး​မှ ညံ့​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​ရှိ၏။ သင်​မူ​ကား၊ ကောင်း​သော​စ​ပျစ်​ရည်​ကို ယ​ခု​တိုင်​အောင် သို​ထား​ပြီ​ဟု​ဆို၏။- ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။

​ရှင်ယောဟန် 2:1-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။